Press release 01 Dec 2020

yathar သည် “yathar Research” ဟုအမည်တွင်သောမြန်မာ့စေ◌ျးကွက် သုတေသန၀န်ဆောင်မှုနှင့် မြန်မာ့စေ◌ျးကွက်ကို ၀င်ရောက်ရန်အတွက် အထောက်အပံ့ပေးသော " yathar Consulting” ၀န်ဆောင်မှုကို မိတ်ဆက်ခြင်း။

yathar သည် “yathar Research” ဟုအမည်တွင်သောမြန်မာ့စေ◌ျးကွက် သုတေသန၀န်ဆောင်မှုနှင့် မြန်မာ့စေ◌ျးကွက်ကို ၀င်ရောက်ရန်အတွက် အထောက်အပံ့ပေးသော " yathar Consulting” ၀န်ဆောင်မှုကို မိတ်ဆက်ခြင်း။ | yathar

Yathar Myanmar Co., Ltd. (ရုံးချုပ် - ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ ) ၊ yathar Pte. Ltd. (ရုံးချုပ် - စင်္ကာပူနိုင်ငံ) ၏ရုံးခွဲ၊ မန်နင်းဂျင်းဒါရိုက်တာ - Shunsuke Ichikawa) သည် မြန်မာနိုင်ငံတွင် အသုံးပြုသူ အရေအတွက်အားဖြင့် နံပါတ် ၁ နေရာတွင်ရှိသော အစားအသောက်နှင့် အလှအပဆိုင်ရာ platform တစ်ခုဖြစ်သည့် yathar သည် “ yathar Research” ဟုအမည်တွင်သော မြန်မာ့စေ◌ျးကွက်သုတေသန၀န်ဆောင်မှု ကို စတင်တည်ထောင်ခဲ့ပြီး ကုမ္မဏီတည်ထောင်ရန်အတွက်လိုအပ်သော ထောက်ပံ့ပေးမှု ၊ လိုင်စင်ရရှိရန် နှင့် မြန်မာ့စေ◌ျးကွက် ကို ၀◌င်ရောက်ရန်အတွက် လိုအပ်သောကူညီထောက်ပံ့မှုများကို ပြုလုပ်ရန်အတွက် " yathar Consulting” ကို စတင်မိတ်ဆက်လိုက်ပါပြီ။

၀န်ဆောင်မှုကို ခြုံငုံသုံးသပ်ခြင်း။

(၁). Yathar စေ◌ျးကွက်သုတေသန
https://yathar.com/research
yathar သည် စားသောက်ဆိုင်များနှင့် အလှပြုပြင်ဆိုင်များအတွက် အဓိကထားလုပ်ကိုင်ဆောင်ရွက်နေသော platform တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ၄င်း၏လုပ်ငန်းနယ်ပယ်တွင် အသုံးပြုသူအရေအတွက် အများဆုံးဖြစ်ပါသည်။
အသုံးပြုသူများ၏ အသုံးပြုမှုမှ ရရှိလာသော ကြီးမားသည့်ဒေတာအချက်အလက်များနှင့် ထိုဆိုင်များနှင့်ပတ်သက်နေသော ဆက်နွယ်မှုများကို အသုံးပြုပြီး yathar သည် မြန်မာနိုင်ငံ၏စေ◌ျးကွက် သုတေသနနှင့် ပတ်သက်သော ၀န်ဆောင်မှုများကို ထောက်ပံ့ပေးပါမည်။
လက်တွေ့ ကွင်းဆင်းသုတေသနပြုလုပ်သည့်အပြင် web သုတေသန၊ အုပ်စုလိုက်မေးခွန်းလွှာ မေးမြန်းမှုများ နှင့် ဖောက်သည်များနှင့်အတူ ကွင်းဆင်းသုတေသနများကို ပြုလုပ်ပေးမည်ဖြစ်ပြီး သုတေသန ရလာဒ်များအပေါ် အခြေခံ၍ မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းနှင့်အထောက်အပံ့များလည်းပြုလုပ်ပေးပါမည်။

၂. yathar Consulting
https://yathar.com/consulting
မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားမှကျွနု်ပ်တို့၏ စေ◌ျးကွက်ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံတွင် ကုမ္မဏီစတင်တည်ထောင်ခြင်း၊ လိုင်စင်ရရှိအောင် ဆောင်ရွက်ခြင်း နှင့် သင့်၏ လုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် ကူညီထောက်ပံ့ပေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင်ရှိသော ဂျပန် IT venture ကုမ္မဏီတစ်ခု၏ ဒေသတွင်း ၀◌ိဒေသလက္ခဏာများ၏ ကောင်းကျိုးများကိုရယူပြီး ကျွနု်ပ်တို့သည် ရရှိထားသော အသိပညာ၊ လူမှုဆက်ဆံရေးကွန်ယက် နှင့် ကိုယ်ပိုင်စေ◌ျးကွက်ရှာဖွေရေး tools များကို အသုံးပြုပြီး သင့်၏စီးပွားရေးလုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရန် ကူညီထောက်ပံ့ပေးနိုင်ပါသည်။


yathar စေ◌ျးကွက်သုတေသန/ yathar Consulting ၏ အားသာချက်များ.
၁. yathar သည် မြန်မာနိုင်ငံ၏ နံပါတ်(၁) shop platform အဖြစ်လည်ပတ်နေသော ဂျပန် venture ကုမ္မဏီတစ်ခုဖြစ်ပြီးမြန်မာ့ဈေးကွက်တွင်ကျွန်ုပ်တို့၏အတွေ့အကြုံကပိုမိုလက်တွေ့ကျသောသတင်းအချက်အလက်များနှင့်အကြံဥာဏ်များကိုပေးနိုင်သည်။

၂. yathar သည်စားသောက်ဆိုင်များနှင့်အလှပြင်ဆိုင်များ နှင့် ပတ်သက်သော အသုံးပြုခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့်ကြိုတင်မှာကြားထားခြင်းအခြေအနေများနှင့်ပတ်သက်သည့်အချက်အလက်ပမာဏများစွာရှိပြီးလုံလောက်သောနမူနာများနှင့်အချက်အလက်ပမာဏများကိုပိုမိုထောက်ပံ့ပေးနိုင်သည်။

၃. ဂျပန်နှင့် မြန်မာ မှ ကျွမ်းကျင်ပညာရှင်များ သည် မြန်မာနိုင်ငံ၏ စေ◌ျးကွက် ကို၁၀ နှစ်ကြာ အသေးစိတ်လေ့လာထားသော ဂျပန်လူမျိုး အကြံပေးပုဂ္ဂိုလ်များနှင့် မြန်မာ၀န်ထမ်းများမှ သင့်အား အကောင်းဆုံးသော ကူညီထောက်ပံ့မှုများကို ပေးနိုင်သည့်အတွက် သင်သည် ယုံကြည်စိတ်ချစွာဖြင့် ကျွန်ုပ်တို့ ဖြင့် လက်တွဲ လုပ်ဆောင်နိုင်ပါသည်။

၄. မြန်မာနိုင်ငံသည် မကြာသေးမီအချိန်ကာလမှစပြီး ကြီးမားစွာတိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့ပြီး နိုင်ငံ၏နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုစနစ်မှ ကင်း‌ေ၀◌းလာခဲ့သည်။ yathar သည် သုတေသနလုပ်ငန်းနှင့် ပတ်သက်သော ထောက်ပံ့ပေးမှုများနှင့် ဤထုတ်ပြန်ချက်မတိုင်မီအချိန်ကပင် မြန်မာနိုင်ငံ၏ သုတေသနလုပ်ငန်းတွင် လုပ်ကိုင်နေကြသော ကျွမ်းကျင်ပညာရှင်များနှင့် ၄င်းတို့၏ များပြားလှသော အတွေ့အကြုံများမှတဆင့် နိုင်ငံအတွက် အကောင်းဆုံးသော စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုများကို ပေးနိုင်ပါသည်။

ကုမ္ပဏီအကျဉ်းချုပ်


・ဝန်ဆောင်မှုအမည် : Yathar (မြန်မာဘာသာစကားမှာ “အရသာ”ကို ဆိုလိုသည်။)
・Website:https://yathar.com

yathar Pte. Ltd.
တည်နေရာ - 8 Wilkie Road #03-01, Wilkie Edge Singapore 228051
ကိုယ်စားလှယ် - Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၈၉.၅ သိန်း
စတင်သည့်နေ့ - ၂၀၂၀ခုနှစ် ဧပြီလ


yathar Myanmar Co., Ltd.
တည်နေရာ - အမှတ်(၁၇)၊ ၅လွှာ၊ ကွက်သစ်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ကိုယ်စားလှယ် - Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၁၀သိန်း၆သောင်း
စတင်သည့်နေ့ - ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ

(အထက်ပါသတင်းနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက)

yathar Myanmar Co., Ltd.
တာဝန်ခံ - မခင်မြင့်မြင့်ခိုင်
ဖုန်း - +၉၅ ၁ ၈၆၁ ၀၇၃၈
အီးမေး(လ်) – info@yathar.com