မိတ်ဆက်

သယ်ယူပို့ဆောင်ရေးအဆင်ပြေချောမွေ့လာတာနှင့်အညီလူသားများသည်ကမ္ဘာကြီး၏မည်သည့်နေရာကို မဆို (၂၄)နာရီအတွင်းသွာရောက်လာနိုင်လာပါသည်။
သတင်းနည်းပညာစနစ်များ ပြောင်းလဲလာတာနှင့်အမျှ ကမ္ဘာပေါ်မှမည်သူ့ကိုမဆို စီးပွားရေး၊ ဆက်ဆံရေး တွေမှာအလွယ်တကူထိတွေ့နိုင်ဖို့ ဆောင်ရွက်ပေးလာနိုင်ပြီး ကျွန်ုပ်တို့နေ့စဉ်ပြောဆိုဆက်ဆံနိုင်ရန်မရှိမဖြစ် လိုအပ်လာပါသည်။
သို့သော်လည်း လူအများစုမှာ အကြောင်းအမျိုးမျိုး (ဥပမာ- ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေးနှင့် နယ်မြေကွာခြားချက်များ) ကြောင့် လက်ရှိအတားအဆီးမရှိသောကမ္ဘာကြီး၏အရသာကို ခံစားလို့မရနိုင် ဖြစ် နေပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာအရပ်ရပ်မှာရှိသော လူသားများဆီသို့ ပျော်ရွှင်မှုများယူဆောင်ပေးပို့နိုင်ရန် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါ yathar Group Corporate Philosophy အား ဝေမျှခြင်း လုပ်ဆောင်ခြင်းဖြင့် အတားအဆီးမရှိသောကမ္ဘာကြီး အဖြစ်လုပ်ဆောင်သွားကြမည်ဖြစ်သည်။

၁။ အတားအဆီးမရှိသော
၁။ ကိုယ်ပိုင်အသိအမြင်ဆိုတာ ၁၈ နှစ်အထိ တွေ့ကြုံခံစားခဲ့တဲ့အရာတွေအပေါ်မူတည်နေပါသည်။ သင်၏ကိုယ်ပိုင်အသိအမြင်က အခြားသောသူတွေမှာ ရှိချင်မှရှိပါလိမ့်မည်။ ထို့ကြောင့် လူအများ၊ နိုင်ငံများ နှင့် ကမ္ဘာကြီးအတွင်းရှိ အတွေးအခေါ်အသိအမြင်များသည် မတူကွဲပြားနေပါလိမ့်မည်။ ပုံသေစဉ်းစား တွေးခေါ်မှု များမှ ဖောက်ထွက်ပြီး ကျယ်ပြန့်စွာစဉ်းစားတွေးခေါ်နေထိုင်ကြရန်လည်း လိုအပ်ပါသည်။

၂။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာစကား၊ ကိုးကွယ်မှု၊ ယာဉ်ကျေးမှု၊ သုတေသနနှင့် ဆန်းစစ်မှုများ မှတဆင့် နိုင်ငံတနိုင်ငံ၏အကြောင်းကို နားလည်လာပြီး အခွင့်အလမ်းတွေကိုတွေ့ရှိလာစေနိုင်ပါသည်။

၃။ သင့်စိတ်၏အတားအဆီးများကိုဖယ်ထုတ်လိုက်ပါ။ နိုင်ငံရပ်ခြားနှင့် လူမျိုးကွဲများ၏ ယဉ်ကျေးမှု နောက်ခံများ နှင့် ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားပြီး လက်ခံဖို့မတုန့်ဆိုင်းပါနှင့်။ ကမ္ဘာပေါ်ရှိလူသားတိုင်း အတွက် အကောင်းဆုံးသော အခွင့်အလမ်းများကိုဖန်တီးပေးသောကုမ္ပဏီဖြစ်လာဖို့က ကျွန်ုပ်တို့၏ ပန်းတိုင် ဖြစ်ပါသည်။

၄။ ပြည်ပလောကမှာ သင်ကသင့်နိုင်ငံကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် အခြားသောသူများအပေါ် လေးစားခြင်းဖြင့် သင့်နိုင်ငံအတွက်သစ္စာစောင့်သိမှုကို ကြိုးစားအားထုတ်ခြင်းဖြင့် တာဝန်ကျေပွန်ပါ။

၅။ သင်၏အသိအမြင်များကိုအမြဲကျယ်ပြန့်နေပါစေ။ လက်ရှိနေ့ရက်တွေသည် လျင်မြန်စွာဖြစ်တည် လျက်ရှိပါသည်။ ထို့ကြောင့်ကမ္ဘာမြေကြီးနှင့် စကြာဝဠာအတွင်းတွင် အသစ်အသစ်သောဝန်ဆောင်မှု များက အချိန်နှင့်အပြေးညီ ဖြစ်တည်လာလျက်ရှိပါသည်။
၂။ ဆောင်ပုဒ်
၁။ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို တာဝန်ယူရင်ဆိုင်လက်ခံဖို့ မတုံ့ဆိုင်းပါနှင့်။ ဆုံးဖြတ်ချက်ချခြင်းနှင့် တာဝန်ယူရင်ဆိုင်လက်ခံခြင်းက အမြဲဒွန်တွဲနေပါသည်။ တာဝန်ယူမှုတွေက ဖြစ်လာနိုင်တဲ့အခက်အခဲ များကို သေးငယ်သွားစေနိုင်ပါသည်။

၂။ ဝန်ဆောင်မှုပေးရာတွင် ဧည့်သည်များကို သင်တို့၏မိသားစုအဖြစ် မှတ်ယူဝန်ဆောင်ပေးနိုင်ရန်လို အပ်ပါသည်။ ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့ပါက အခြားသောသူများက ထိုသို့လုပ်ဆောင်ခြင်းဖြင့် နေရာဝင် ရောက်ယူသွားလိမ့်မည်ဖြစ်သည်။

၃။ သင်၏မသိစိတ်ကိုယုံကြည်ပါ။ မသိစိတ်၏ ၇၀ ရာခိုင်နှုန်းက မှန်ကန်ပါသည်။ မသိစိတ်ဆိုသည်မှာ အတွေ့ အကြုံမှတဆင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် အမြဲမပြတ်လေ့လာမှတ်ယူဖို့ သတိရပါ။

၄။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းမွန်ပါသည်။ ထို့ကြောင့်အမြဲမပြတ်ကာကွယ်ဖို့လုပ်ဆောင်ပါ။

၅။ ကုမ္ပဏီဆိုတာ အသင်းအဖွဲ့တစ်ခုပါ။ တစ်ဦးခြင်းစီ၏ ပေါင်းစပ်မှုက ပိုမိုသာလွန်ကောင်းမွန်သော စွမ်းရည်တခုဖြစ်လာစေပါသည်။ သင်ဘယ်နေရာမှာရောက်နေလဲကအရေးမကြီးပါဘူး။ သင်ကအသင်း၏ တစိတ်တပိုင်းဖြစ်တယ်ဆိုတာကိုအမြဲသတိရပါ။

၆။ ဘုရားရှင်ကအရာရာကို သိမြင်ခံစားနိုင်ပါသည်။ ကျွနု်ပ်တို့၏ဝန်ဆောင်မှုက ကမ္ဘာကိုပျော်ရွှင်မှုတွေ ပြည့်နက်စေဖို့ ပြုလုပ်ထားသော ဝန်ဆောင်မှုတခုဖြစ်ပါသည်။ သင်၏သိမြင်မှတ်သားထားသောအရာ များကို အသုံးပြုပြီး အားလုံးအတွက်ကျေးဇူးတင်စရာကောင်းသော ထုတ်ကုန်တခုကို ဖန်တီးပြုလုပ်ရန် လိုအပ် ပါသည်။

၇။ လျင်မြန်မှု၏အရှိန်ကို ခံစားသိရှိပြီး သတိရှိစွာလုပ်ဆောင်ပါ။ အခွင့်အရေးပေးတုန်း လျင်မြန်စွာကြိုးစား ဆောင်ရွက်ပါ။

၈။ ဘောင်ခတ်မှု၏အပြင်ဘက်မှတွေးခေါ်ပါ။ မည်သူမှမတွေးမိသောနည်းလမ်းနှင့်တန်ဖိုးများကိုရှာဖွေပါ။

၉။ စဉ်းစားတွေးခေါ်နိုင်စွမ်းက အသိပညာထက် ပိုအရေးပါပါသည်။ စဉ်းစားတွေးခေါ်နေထိုင်ရန်လိုအပ်ပါ သည်။ ဉာဏ်စွမ်းရည်ဖြင့် စဉ်းစားတွေးခေါ်ထားသော အရာများသည် လက်တွေ့တွင်အမှန်တကယ် လုပ်ဆောင်နိုင်သောအရာများဖြစ်ပါသည်။

၁၀။ ကိုယ်ချင်းစာနာမှုဆိုသည်မှာ ကိုယ်တိုင်ခံစားမှု နှင့် တဖက်လူအပေါ် စာနာမှုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုနှစ်ခုထဲမှတစ်ခု ပျောက်ဆုံးနေလျှင် ရှေ့ဆက်ရန်အဆင်မပြေမှုများဖြစ်လာပါလိမ့်မည်။ ပြီးပြည့်စုံသောဝန်ဆောင်မှုတခုဖြစ်ရန်အတွက် မိမိကိုယ်တိုင်ကလိုချင်သောစနစ်၊ ဝန်ဆောင်မှုအရည်အသွေး ပြည့်စုံသောစနစ် ဖြစ်နေမှသာ ကောင်းမွန်သောရလာဒ်ကိုရရှိနိုင်မှာဖြစ်ပါသည်။
၃။ နည်းပညာ
၁။ PDR စက်၀န်းကိုလျင်မြန်သောအရှိန်ဖြင့်လည်ပတ်ရန်လိုအပ်ပါသည်။ PDR ဆိုသည်မှာ“ ပြင်ဆင်ခြင်း→ လုပ်ဆောင်ခြင်း →ပြန်လည်သုံးသပ်ခြင်း” ကိုဆိုလိုသည်။ အသေးစိတ်အစီအစဉ်ဆွဲရန်မလိုအပ်ပါ။ ကျွန်ုပ်တို့ ၏စီးပွားရေးကိုအရှိန်မြှင့်ရန်ကျွန်ုပ်တို့သည်မြန်နှုန်းမြင့်သောလုပ်ဆောင်မှုများကို ဆက်လက်၍လုပ်ဆောင်ရန် နှင့်ပြန်လည်သုံးသပ်ခြင်းကိုအစဉ်အမြဲလုပ်ဆောင်နေရန်သာလိုအပ်ပါသည်။
(PDR: ပြင်ဆင်ခြင်း→ လုပ်ဆောင်ခြင်း →ပြန်လည်သုံးသပ်ခြင်း)


၂။ အပြည်ပြည်ဆိုင်ရာအဆင့်နှင့်အညီ မိမိ၏အသိပညာများကိုမျှဝေပါ။ စီမံကိန်းတခုမှရရှိသော မိမိ၏ အတွေ့အကြုံများ၊ ဗဟုသုတများကို စုစည်း၍ ကုမ္ပဏီသို့မျှဝေပေးပို့ရန်။ ဗဟုသုတများစွာကို ရှာဖွေ နိုင်သူသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ မိမိလှုပ်ရှားလုပ်ကိုင်နေသော ကုမ္ပဏီအတွက်သော် လည်းကောင်း အလွန်တန်ဖိုးရှိသောလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အဖွဲ့ အစည်းက မည်သို့လှုပ်ရှားလုပ်ကိုင်သည်ကို အမြဲလေ့လာစူးစမ်းနေဖို့လိုအပ်ပါသည်။

၃။ ဖောက်သည်များ၏ အမြင်နှင့်သုံးသပ်ချက်များက ရတနာကဲ့သို့တန်ဖိုးရှိပါသည်။ အပြုသဘောဖြင့် စုဆောင်းယူဆောင်အသုံးပြုပါ။

၄။ သင်၏အလုပ်တာဝန်များကို စီမံခန့်ခွဲမှုလုပ်ဆောင်ပါ။ အလုပ်တာဝန်ခွဲဝေခြင်း၊ စဉ်းစားတွေးခေါ်ခြင်း၊ မျှဝေခြင်း၊ နောက်ဆုံးအပြီးသတ် ရက်သတ်မှတ်၍လုပ်ဆောင်ခြင်းစသည်ဖြင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေး မသွားရန် စနစ်တကျ စီမံလုပ်ဆောင်သွားရန်လိုအပ်ပါသည်။

၅။ ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာရှိသောပုဂ္ဂိုလ်နှင့် စေ့စပ်ညှိနှိုင်းလုပ်ဆောင်ပါ။

၆။ အချိန်စီမံခန့်ခွဲမှုကိုအကောင်းဆုံးဖြစ်အောင်အသုံးချနိုင်ရန်လိုအပ်သည်။ အချိန်စီမံခန့်ခွဲမှုကို ကောင်းမွန်စွာ အသုံးချနိုင်သူသည် အလုပ်ကိုလျင်မြန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် တခြားထူးခြားစွာ ကျွမ်းကျင် သာလွန်နေသာသူများထပ် ပိုမိုလုပ်ဆောင်နိုင်နေမည်ကိုတွေ့မြင်ရမည်ဖြစ်သည်။

၇။ လူတစ်ဦး၏ ဉာဏ်စွမ်းရည်သည်မွန်းလွှဲပိုင်းတွင် ကျဆင်းလာတတ်ပါသည်။ ထို့ကြောင့် စဉ်းစားတွေး ခေါ်ရ သောအလုပ်များကို နံနက်ခင်းပိုင်းတွင်လုပ်ဆောင်ပြီး ပုံမှန်လုပ်ငန်းစဉ်များကို နေ့ခင်းပိုင်းတွင်လုပ်ဆောင်ရ မည်ဖြစ်သည်။

၈။ ဦးစားပေးလုပ်ငန်းများကိုအစဉ်လိုက်ချမှတ်ပါ။ ဦးစားပေးလုပ်ငန်းဆိုသည်မှာ (၁) ရောင်းအားတိုး တက်စေရန်စဉ်းစားဆောင်ရွက်ခြင်း (၂) လုပ်ငန်းအကျိုးဖြစ်ထွန်းအောင်ထိရောက်စွာလုပ်ကိုင်ဆောင်ရွက်ခြင်း (၃) အကယ်၍ရှိခဲ့လျှင်အသုံးဝင်နိုင်သောအရာများကိုသတ်မှတ်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

၉။ အဓိပ္ပာယ်မဲ့သောအစည်းအဝေးများသည် လူတစ်ယောက်၏စိတ်အားထက်သန်မှုကို လျော့ပါးစေပါသည်။ လူရှစ်ယောက်နှင့်တစ်နာရီကြာ ပြုလုပ်သောအစည်းအဝေးသည် လုပ်ငန်း၏တနေ့တာကိုအသုံးပြုခြင်း ဖြစ်ကြောင်း အမြဲသတိရပါ။

၁၀။ အစည်းအဝေးကို ရှင်းလင်းသောရည်ရွယ်ချက်သတ်မှတ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အရေးကြီးသည့် အချက်အလက်များဆွေးနွေးဆုံးဖြတ်ခြင်း တို့အတွက်သာလုပ်ဆောင်ရမည်။ အချက်အလက်အတည်ပြုရန် သို့မဟုတ် မျှဝေရန် ဆိုပါက အစည်းအဝေးမလုပ်ပါနှင့်။

၁၁။ အစည်းအဝေးပြီးသည်နှင့် လုပ်ဆောင်ရမည့်တာဝန်များကို ခွဲဝေခြင်း၊ အပြီးသတ်ဆောင်ရွက်ရမည့်နေ့ ရက် သတ်မှတ်ပြီး သက်ဆိုင်သောသူများကိုအသိပေးဆောင်ရွက်ခြင်းများလုပ်ဆောင်ပါ။
၄။ စဉ်းစားတွေးခေါ်ပုံနည်းလမ်း
၁။ လူတစ်ယောက်နှင့်တစ်ယောက် တူညီနေရန်မလိုပါ။ မတူညီတဲ့အယူအဆများကိုလည်း ဂရုစိုက်ဖို့ မလိုပါဘူး။ မပျော့ညံ့ပဲ ထက်မြက်စွာရှေ့ဆက်လုပ်ဆောင်နေဖို့အဓိကပါ။ မတူညီသောအရာများကို လုပ်ဆောင်နိုင်သူဖြစ်အောင်ကြိုးစားသင့်ပါသည်။

၂။ အခက်အခဲတွေ့လာလျှင်ရင်ဆိုင်ဖြေရှင်းပါ။ အခက်အခဲဆိုတာ သင့်အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ အကောင်းအဆုံး တစိတ်တပိုင်းဖြစ်ပါသည်။

၃။ အတိတ်ကို မည်သူမှ မပြောင်းလဲနိုင်ပါဘူး။ သို့သော် သင့်ကိုသင်နှင့် သင့်အနာဂတ် ကိုတော့ ပြောင်းလဲ နိုင်ပါသည်။ အတိတ်မှာ ပိတ်မိမနေပါနှင့် တောက်ပသော မနက်ဖြန်အတွက် နေထိုင်ပါ။

၄။ သမာရိုးကျ မဖြစ်ပါစေနှင့်။ ထူးခြားပေါ်လွင်ပါစေ။

၅။ လုပ်ဖော်ကိုင်ဖက်များကိုလေးစားပါ။ သူတို့ဟာသင့်ကဲ့သသို့လူသားတစ်ယောက်ဖြစ်ပါတယ်။

၆။ ကောင်းမွန်သော အလေ့အကျင့်လုပ်ဆောင်ခြင်းဖြင့်သင့်ကိုသင် မြှင့်တင်ပါ။ အစားအသောက် မစားတဲ့လူ ဆိုတာမရှိပါဘူး၊ ဒါကြောင့် အလေ့အကျင့်ဆိုတာခက်ခဲတယ်ဆိုပြီး မထားဘဲရှေ့ဆက် လုပ်ဆောင်ဖို့သာ အဓိကပါ ရှေ့ဆက်လုပ်ဆောင်ခြင်းဖြင့် သင့်ရဲ့အင်အားဖြစ်လာပါစေ။

၇။ အခွင့်အရေးဆိုတာလူတိုင်းရရှိနိုင်ပါတယ်။ ထိုအခွင့်အရေးကို အသုံးချနိုင်ဖို့ မိမိဖက်မှ ကြိုတင်ပြင်ဆင်ပြီး လက်ဦးမှုရယူနိုင်သူများသာ ရရှိနိုင်မှာဖြစ်ပါသည်။

၈။ သန့်ရှင်းခြင်း၊ အမှိုက်လှဲခြင်းနှင့် စုစည်းစုပေါင်းလုပ်ဆောင်ခြင်း အဆိုပါသေးငယ်သောအရာများ အတွက် အမြဲတမ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါစေ။ စုစည်းစုပေါင်းလုပ်ဆောင်ပြီးမြောက်မှုများက အဖွဲ့အစည်းကို ပိုမိုအောင်မြင်စေပါတယ်။ Broken Window Theory ကို အမြဲသတိရပါ။

၉။ လူအများက ပျော်ရွှင်စရာတွေကို သူတို့မိသားစု နှင့် ကမ္ဘာကြီးအတွက် ယူဆောင်မပေးနိုင်ကြပါဘူး။ ထို့ကြောင့် သင့်မိသားစု၊ သင်ချစ်ရသူတွေ၊ သင့်သူငယ်ချင်းတွေအတွက် ပျော်စရာတွေကိုယူဆောင် ပေးဖို့ အမြဲသတိရှိပါ။

၁၀။ သင်ကိုယ်တိုင်သာ သင့်ရဲ့အဖော်မွန်ပါ။ သင့်ဘဝကိုသင်ချစ်ပါ၊ သင့်ဘဝကို သင်ဖြည့်စွက်ပါ။
yathar Group Corporate အတွေးအခေါ်ပုံစံအား မျှဝေခြင်းဖြင့် ကျွန်တော်တို့သည် ကျွန်တော်တို့အတွက်၊ မိသားစုများအတွက်၊ သူငယ်ချင်းများအတွက်နှင့် ကမ္ဘာအတွက် ပျော်ရွှင်ခြင်းများ သယ်ဆောင်ကြရအောင်။
philosophy.sec4_key2