လိုက်နာရမည့်စည်းကမ်းချက်များ

သုံးစွဲမှု စည်းမျဉ်းများ
yathar ကို သုံးစွဲမှု စည်းမျဉ်းများ
အောက်ဖော်ပြပါ အကြောင်းများတွင် yathar Myanmar Co., Ltd. ကို "YM"၊ YM မှ ဝန်ဆောင်မှု ပေးသည့် yathar ကို "yathar"ဟု ရည်ညွန်းသည်။ yathar ကို အသုံးပြုရာတွင် အောက်ပါသုံးစွဲမှု စည်းမျဉ်းများ ("စည်းမျဉ်း" ဟု ဆက်လက်ဖော်ပြသွားမည်။) အတိုင်း သတ်မှတ်ထားပါသည်။
yathar ကို အသုံးပြုသူအားလုံး ("အသုံးပြုသူ" ဟု ဆက်လက်ဖော်ပြသွားမည်။) သည် စည်းမျဉ်းအား သဘောတူပြီးသည် နှင့် တပြိုင်နက် စတင်အသုံးပြုနိုင်ပါသည်။
စည်းမျဉ်းအား လိုအပ်ချက်ပေါ် မူတည်၍ ပြောင်းလဲသွားမည်ဖြစ်ရာ yathar ကို အသုံးပြု ချိန်တွင် သုံးစွဲမှု စည်းမျဉ်းအသစ်ကို လေ့လာရန် လိုအပ်သည်။ ထိုအချိန်တွင် ပြောင်းလဲမှု စည်းမျဉ်းသစ်များအား အသုံးပြုသူ အနေဖြင့် သဘောတူညီပြီး ဖြစ်ကြောင်း သတ်မှတ်ပါသည်။
စည်းမျဉ်း - ၁ (yathar ၏ ရည်ရွယ်ချက်)
yathar သည် ဝန်ဆောင်မှုအတွက် စာရင်းသွင်းထားသောသူများ ("member" ဟု ဆက်လက်ဖော်ပြသွားမည်။) က တင်ပြ ထားသော စားသောက်ဆိုင်နှင့် ပတ်သက်သော ထင်မြင် သုံးသပ်ချက်၊ ဓါတ်ပုံအစရှိသည် (အောက်တွင် member မှ တင်ထားသော သုံးသပ်ချက်ကို "Review"ဟု ဖော်ပြထားသည်။) တို့ အား မျှဝေခြင်းဖြင့် အခြားသော yathar အသုံးပြုသူများက စားသောက်ဆိုင် ရွေးချယ်ပြီး သတင်း ဖလှယ်ခြင်း၊ အခွင့်အလမ်းများအား တင်ပြလျက်ရှိသည်။
ထို့ပြင် နောက်ဆုံးပေါ် ထောက်လှမ်းနည်းကို အသုံးပြုခြင်းဖြင့် member ၏ အကြိုက်၊ တည်နေရာနှင့် အခြားသော big data ကို ခွဲခြမ်းစိတ်ဖြာပြီး၊ member တစ်ယောက်ချင်းစီအလိုက် သင့်လျော်သော စားသောက်ဆိုင်အား အကြံပြုမိတ်ဆက်ပေးပါသည်။
ဤနည်းများဖြင့် yathar မှ member များအတွက် အကျိုးရှိသော သတင်းအချက်အလက် များအား မျှဝေပေးပြီး၊ စားသောက်ဆိုင် ရွေးချယ်မှုကို ပိုမိုကောင်းမွန် အဆင်ပြေ ပျော်ရွှင်စေရန် ရည်ရွယ်ထားပါသည်။
စည်းမျဉ်း - ၂ (ဝန်ဆောင်မှု အတိုင်းအတာ)
ဝန်ဆောင်မှုများစွာဖြင့် ချိတ်ဆက်ထားသော ဤဝန်ဆောင်မှုတွင် Review နှင့်ဆိုင်ရဲ့ သတင်းအချက်အလက်၊ အခြားသော အသေးအဖွဲ သတင်းအချက်အလက်များသာမက ထောက် ပံ့သူ၏ user name နှင့် icon၊ အခြားသော စာသား၊ ဓါတ်ပုံ၊ အသံ၊ ဗီဒီယို၊ အစီအစဉ် အစရှိသော သတင်းအချက်အလက်များအားလုံးသည် အခြားဝန်ဆောင်မှု၊ သတင်း website များ၊ အခြား TV၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်ရှင် အစရှိသည်တို့၏ မီဒီယာတို့အား သတင်းထုတ်ပြန်ခြင်း ပါဝင်သည်။ ဤ ဝန်ဆောင်မှုတွင် Review စသည်ကို တင်ပြသော အသုံးပြုသူများသည် မီဒီယာများတွင် သတင်း ထုတ်ပြန်ခြင်းကို လက်ခံရပါမည်။
စည်းမျဉ်း - ၃ (member မှတ်ပုံတင်ခြင်း)
အသုံးပြုသူသည် YM မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအား လိုက်နာ၍ member မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
(၁) Member မှတ်ပုံတင်ချိန်တွင် ဤဝန်ဆောင်မှုမှ ပံ့ပိုးပေးသော member သတင်းအချက်အ လက် မှတ်ပုံတင်ခြင်းအကြောင်း စာမျက်နှာတွင် YM မှ သတ်မှတ်ထားသော ပုံစံဖြင့် အင်တာနက်မှတဆင့် ပေးပို့သော နည်းလမ်းကို အသုံးပြုလျက်ရှိသည်။
(၂) YM သည် ရှေ့တွင်ပေးပို့ထားသော သတင်းအချက်အလက်များသည် ပြဿနာ မရှိပါက YM ၏ member အနေဖြင့် လက်ခံသော်လည်း၊ လျှောက်ထားသူက အတိတ်ကာလ တွင် စည်းမျဉ်းများအား ချိုးဖောက်ခဲ့ခြင်း၊ ကတိစာချုပ်အား ထပ်၍ ချိုးဖောက်နိုင်ချေ ရှိသည်ဟု ဆုံးဖြတ်ချိန်နှင့် အခြားမသင့်လျော်သော ကိစ္စများရှိသည်ဟု ဆုံးဖြတ်ချိန်တွင် လျှောက် ထားချက်အား လက်မခံနိုင်ပါ။
(၃) Member သည် မိမိ၏ ကိုယ်ရေးအချက်အလက်များအား တိကျမှန်ကန်စွာ ဖြည့်ပေးရန် လို အပ်သည်။
(၄) ဤဝန်ဆောင်မှုအား အောက်ပါအချက်တခုခုနှင့် မကိုက်ညီဟု YM က ဆုံးဖြတ်ချိန်တွင် member ၏ ခွင့်ပြုချက် မပါဘဲ member မှတ်ပုံတင်ခြင်းအား ဖျက်သိမ်းနိုင်သည်။
(၁) မသင့်လျော်သော သတင်းအချက်အလက်များအား တင်ထားချိန်
(၂) Password အား မမှန်မကန် အသုံးပြုချိန်
(၃) Member မှ အချက်အလက်များအား လိမ်လည်တင်ပြထားချိန်
(၄) စည်းမျဉ်းအား ဖောက်ဖျက်သည်ဟု တွေ့ရှိချိန်
(၅) YM က မသင့်လျော်ဟု ဆုံးဖြတ်ရန် သင့်တော်သော အကြောင်းပြချက်ရှိချိန်
(၅) ဤဝန်ဆောင်မှုတွင် မှတ်ပုံတင်ထားသော member သတင်းအချက်အလက်များအား ထုတ်ဖော်ခြင်း၊ မထုတ်ဖော်ခြင်းနှင့် မသက်ဆိုင်ဘဲ YM က သိမ်းဆည်းထားခြင်းသာ ဖြစ်သည်။
(၆) Member မှ ထည့်သွင်းထားသည့် သတင်းအချက်အလက်များ ထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ အပြည့်အ၀ တာဝန်ယူရမည်ဖြစ်သည်။ (ကိုယ်ရေးသတင်းအချက်အလက် များအား လက်လွတ်စပယ် ရေးသားခြင်းအား သတိပြုရန်။)
(၇) Member သတင်းအချက်အလက်များအား အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်တာဝန်ယူရပါမည်။
(၈) Member ကိုယ်တိုင် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ကိုယ်ပိုင်သတင်းအချက် အလက်များအောက်တွင် လုပ်ဆောင်သော အရာနှင့်ရလဒ်များအားလုံးသည် မိမိတာဝန် သာ ဖြစ်သည်။
(၉) YM သည် member မဟုတ်သော အသုံးပြုသူ (သို့) YM မှ သတ်မှတ်ထားသော member မှတ်ပုံတင်ခြင်းကို ပြီးဆုံးခြင်း မရှိသော အသုံးပြုသူအား yathar မှ ကမ်းလှမ်း သော ဝန်ဆောင်မှုမှာ ကွဲပြားနိုင်ပါသည်။ ကမ်းလှမ်းသော ဝန်ဆောင်မှု၏ အကြောင်းအရာ မှာ YM ၏ သဘောအတိုင်း ဆုံးဖြတ်ပြီး အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
(၁၀) အသက် ၁၅ နှစ် မပြည့်သူက ဤဝန်ဆောင်မှုအား အသုံးပြုချိန်တွင် အုပ်ထိန်းသူ၏ ထောက်ခံချက်ကို လိုအပ်ပါသည်။
စည်းမျဉ်း - ၄ (Login account အား မှတ်ပုံတင်ခြင်း၊ စီမံခန့်ခွဲခြင်း)
အသုံးပြုသူသည် login account နှင့် password အား မှတ်ပုံတင်ခြင်း၊ စီမံခန့်ခွဲခြင်းကို ကိုယ်တိုင်တာဝန်ယူရပြီး အသုံးပြုသူ၏ စီမံခန့်ခွဲမှု အားနည်းခြင်း၊ မှားယွင်းအသုံးပြုခြင်း၊ အခြားသူ တစ်ဦးတစ်ယောက်မှ သုံးစွဲ၍ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအတွက် YM မှ (လုံးဝ) တာဝန်မယူပါ။ ထို့ပြင် အသုံးပြုသူသည် login account နှင့် ပတ်သက်သော ဝန်ဆောင်မှု (YM နှင့် မသက်ဆိုင်သော အခြားဝန်ဆောင်မှုများ အပါအဝင်)အား အသုံးပြုမှုကို မိမိကိုယ်တိုင် တာဝန်ယူ၍ အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်းများအား လိုက်နာ ဆောက်ရွက်သင့်ပါသည်။ Login account နှင့် ပတ်သက်သော ဝန်ဆောင်မှုများကို အသုံးပြု၍ ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှု၊ အဆိုပါ ဝန်ဆောင်မှု အုပ်ချုပ်ရေးမှူးနှင့် အသုံးပြုသူ ကြား ဖြစ်ပေါ်လာသော ပြဿနာတို့ကို YM မှ (လုံးဝ) တာဝန်မယူပါ။

စည်းမျဉ်း - ၅ (ကိုယ်ရေးအချက်အလက်များ ရယူခြင်း)
YM သည် yathar အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များအား ကုမ္ပဏီ၏ ကိုယ် ရေးအချက်အလက် ထိန်းသိမ်းခြင်း မူဝါဒအတိုင်း သင့်တင့်လျောက်ပတ်စွာ ကိုယ်တွယ်လျက် ရှိသည်။
စည်းမျဉ်း - ၆ (yathar အသုံးပြုခြင်းဆိုင်ရာ)
(၁) yathar အား လွှဲပြောင်း အသုံးပြုခြင်း၊ လွှဲပြောင်းရောင်းချခြင်း တားမြစ်ချက်
(၁) အသုံးပြုသူသည် YM မှ ကမ်းလှမ်းထားသော yathar နှင့် ပတ်သက်၍ တစ်ခုလုံး ဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ၊ စီးပွားရေး လှုပ်ရှားမှုများနှင့် အခြားအမြတ် အစွန်းကို ရည်ရွယ်သော လုပ်ဆောင်ချက် (သို့) အဆိုပါ အကြောင်းအရာနှင့် ကိုက်ညီသော လုပ်ဆောင်ချက် (သို့) အဆိုပါ အကြောင်းအရာများအတွက် ကြိုတင်ပြင်ဆင်နေ သော လုပ်ဆောင်ချက်များအား ရည်ရွယ်ချက်ရှိရှိ အသုံးပြု ခြင်း (သို့) အချက် အလက်များရယူခြင်း မပြုရ။ ထု့ိပြင် အခြားလူမျိုးရေး လှုပ်ရှားမှု များနှင့် နိုင်ငံရေးလှုပ်ရှားမှုများအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်း (သို့) အချက်အလက်များ ရယူ ခြင်း မပြုရ။
(၂) yathar သို့ တင်ထားသော Review စသည်တို့ကို ခွင့်ပြုချက်မရှိဘဲ ပုံတူပွားခြင်း၊ အသုံးပြုခြင်းအား တားမြစ်သည်။ သို့သော် အဆိုပါ Review အား ရေးသားသူမပါ။
(၃) စည်းမျဉ်းအတိုင်း အသိအမှတ်ပြု စစ်ဆေးမှုမပါဘဲ yathar တွင် ထုတ်ဝေထား သော Review အား အသုံးပြု၍ အကျိုးအမြတ်ကို ရရှိပါက၊ YM မှ အဆိုပါ အကျိုး အမြတ်နှင့် ညီမျှသော လျှော်ကြေးအား တောင်းခံခွင့်ရှိသည်။
(၂) yathar အား ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်း
YM သည် အသုံးပြုသူအား ကြိုတင်အသိပေးခြင်း မရှိဘဲ အောက်ပါအကြောင်းပြချက် များဖြင့် ဝန်ဆောင်မှုအား ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်း ရှိနိုင်သည်။ ထို့ပြင် ဤသို့ပြုလုပ်၍ အသုံး ပြုသူ (သို့) အခြားတစ်ဦးတစ်ယောက်မှ ဆုံးရှုံးမှုဖြစ်ခဲ့ပါကလည်း YM မှ လုံးဝတာဝန်မယူပါ။
(၁) ဝန်ဆောင်မှုစနစ် ထိန်းသိမ်းပြုပြင်ခြင်း၊ စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်ချိန်
(၂) ဝန်ဆောင်မှု ဆောင်ရွက်လုပ်ကိုင်ရန် ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ စစ်ဆေး ခြင်း ပြုလုပ်ချိန်
(၃) မီးဘေး၊ မီးပျက်ခြင်း စသည်တို့ကြောင့် system ပစ္စည်းကိရိယာများ၏ ပြဿနာ များ ပေါ်ပေါက်ချိန်
(၄) သဘာဝဘေး၊ စစ်ဘေး၊ အေးချမ်းသာယာမှု ပျက်ပြားခြင်း၊ အလုပ်သမား အငြင်း ပွားမှုများကြောင့် ဝန်ဆောင်မှု မပေးနိုင်ချိန်
(၅) အခြားသော လုပ်ငန်းစီမံရေးရာပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာများအရ YM မှ ဝန်ဆောင်မှုပေးခြင်းအား ရပ်ဆိုင်းရန် လိုအပ်သည်ဟု ဆုံးဖြတ်ချိန်
(၃) yathar အသုံးပြုရန် လိုအပ်သော ပစ္စည်းကိရိယာ
အသုံးပြုသူမှ yathar အား အသုံးပြုရန် အင်တာနက်နှင့် ချိတ်ဆက်ရန် လိုအပ်သည်။ အင်တာနက် ချိတ်ဆက်ချိန်တွင် အသုံးပြုသူ ကိုယ်တိုင်တာဝန်ယူခြင်းနှင့် ကုန်ကျစရိတ်အတွက် အရေးပါသော စက်ကိရိယာ၊ software အား သင့်လျော်စွာ ပြင်ဆင်လုပ်ဆောင်ရန် လိုအပ်ပြီး၊ YM မှ အသုံးပြုသူအတွက် အင်တာနက်သို့ ချိန်ဆက်နိုင်ရန် ပြင်ဆင်မှု နည်းလမ်းစသည်တို့ကို လုံးဝဆောင်ရွက်ပေးခြင်း မရှိပါ။
(၄) Review များ ရေးသားခြင်း
(၁) yathar တွင် Review ရေးသားလိုပါက member မှတ်ပုံတင်ရန် လိုအပ်သည်။
(၂) yathar တွင် Review ရေးသားလိုပါက မဖြစ်မနေ စည်းမျဉ်းများအား လိုက်နာရန် လိုအပ်သည်။
(၅) Review နှင့် ဆက်စပ်သော အခြားပြင်ပဝန်ဆောင်မှုများနှင့် ချိတ်ဆက်အသုံးပြု၍ ပူးပေါင်း ဆောင်ရွက်ခြင်း
(၁) yathar နှင့် ပတ်သက်၍ Review ရေးသားပေးပို့ပြီး member မှ twitter (သို့) facebook နှင့် အခြားပြင်ပ ဝန်ဆောင်မှု အားလုံး ("ပြင်ပဝန်ဆောင်မှု"ဟု ဆက်လက်ဖော်ပြထားမည်)နှင့် ချိတ်ဆက်အသုံးပြုပါက member မှ ပြုလုပ်ထားသော Review အား ပြင်ပဝန်ဆောင်မှုသို့ ရေးသားပေးပို့ခြင်းအား YM မှ member ကိုယ်စား လုပ်ဆောင်ပေးခြင်းနှင့် ဤသို့ ပြုလုပ်ရန် Review နှင့် ဆက်စပ်သော webpage ၏ URL အား ဖြည့်စွက်ထည့်သွင်းခြင်း စသည်တို့ အတွက် ကြိုတင်၍ ခွင့်ပြုလက်ခံ သည်ဟု ယူဆသည်။ ထို့အပြင် member သည် ပြင်ပဝန်ဆောင်မှုများနှင့် ချိတ်ဆက်၍ login လုပ်ချိန်တွင် YM မှ အချက် အလက်များ ရယူခြင်းအတွက် ခွင့်ပြုချက်တောင်းခံနိုင်ပြီး၊ ပါဝင်သည့် အကြောင်း အရာများကို ဖတ်ရှုလေ့လာ၍ သဘောတူညီမှသာလျှင် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။
(၂) ပြင်ပဝန်ဆောင်မှုအတွက် User ID မှတ်ပုံတင်ခြင်း၊ အသုံးပြုခြင်း အပါအဝင် အလုံးစုံသော ပြင်ပဝန်ဆောင်မှုအား အသုံးပြုခြင်း (member မှ ပြုလုပ်ထားသော Review အား ပြင်ပဝန်ဆောင်မှုသို့ ရေးသားပေးပို့ခြင်း အပါအဝင်)နှင့် ပတ်သက်၍ member သည် ထိုဝန်ဆောင်မှုများမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များအား လိုက်နာရန် လိုအပ်သည်။
(၃) ပြင်ပဝန်ဆောင်မှုကို အသုံးပြုချိန်တွင် member သည် မိမိကိုယ်တိုင် တာဝန်ယူမှု ဖြင့် အသုံးပြုနိုင်ပြီး၊ YM အနေဖြင့် ထိုဝန်ဆောင်မှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာ သော ဆုံးရှုံးမှု၊ အုပ်ချုပ်သူနှင့် အသုံးပြုသူကြား ပေါ်ပေါက်လာသော ပြဿနာနှင့် အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်ဆက်နွယ်သော ကိစ္စများအား လုံး၀ တာဝန် ယူမည် မဟုတ်ပါ။
စည်းမျဉ်း - ၇ (မူပိုင်ခွင့်ဆိုင်ရာ)
(၁) အသုံးပြုသူသည် ဤဝန်ဆောင်မှုတွင် ရေးသားထားသော Review၊ ပါဝင်သည့် အကြောင်း အရာနှင့် ပတ်သက်သော မူပိုင်ခွင့်သည် အထွေထွေစည်းမျဉ်း၊ ပါဝင်ရေးသား တင်ပြထား သော အသုံးပြုသူ (သို့) Review ပါဝင်သည့် အကြောင်းအရာအား ဖန်တီးရေးသားသူများ နှင့်သာ သက်ဆိုင်ပါသည်။ သို့သော် အသုံးပြုသူသည် ဤဝန်ဆောင်မှုအား အသုံးပြု၍ ပြုလုပ်ခဲ့သော Review ၊ ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ YM နှင့် YM ထံမှ အသုံးပြုနိုင်ကြောင်း ခွင့်ပြုချက်ရရှိထားသော သက်ဆိုင်ရာများသည် အခမဲ့ဖြင့် ပြည်တွင်းပြည်ပများတွင် ပုံတူပွားခြင်း၊ တည်းဖြတ်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ ပုံနှိပ်ထုတ် ဝေခြင်း၊ အသစ်ပြန်၍ ပုံနှိပ်ခြင်း၊ စစ်ဆေးခြင်း၊ ထုတ်ဖော်ပြခြင်း၊ ဖန်တီးခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ချေးငှားခြင်း၊ ဘာသာပြန်ခြင်း၊ ပြောင်းလဲခြင်း စသည်တို့အတွက် လုပ်ပိုင် ခွင့် အဓိက မဟုတ်ပဲ မူပိုင်ခွင့်ရှိထားသော အရာများနှင့် ပတ်သက်၍ မူရင်းမူပိုင်ခွင့် ပိုင်ရှင် ၏ လုပ်ပိုင်ခွင့်အား ခွင့်ပြုထားပါသည်။ အသုံးပြုသူသည် ဤအကြောင်းအရာကို အခြေခံ၍ YM မှ မူပိုင်ခွင့်ရရှိထားသော အရာများနှင့် အသုံးပြုရာ တွင် စာရေးသူ၏ ကိုယ်ကျင့်တရားဆိုင်ရာ လုပ်ပိုင်ခွင့်အား အသုံးချခြင်း မပြုစေရန်။ ထို့ပြင် မူပိုင်ခွင့်ကို အသုံးပြုသည့်များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
(၂) ရှေ့တွင် သတ်မှတ်ထားသော မူပိုင်ခွင့်မှအပ၊ ဤဝန်ဆောင်မှုနှင့် ပတ်သက်သော မူပိုင်ခွင့်၊ အခြားသော လုပ်ပိုင်ခွင့်များသည် YM နှင့်သာ သက်ဆိုင်ပြီး၊ အသုံးပြုသူသည် ဤ ဝန်ဆောင်မှုနှင့် ပတ်သက်သော Review ၊ ပါဝင်သည့် အကြောင်းအရာများအား ခွင့်ပြု ချက် မရှိဘဲ ပုံတူပွားခြင်း၊ တည်းဖြတ်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ အသစ်ပြန် ၍ ပုံနှိပ်ခြင်း၊ စစ်ဆေးခြင်း၊ ထုတ်ဖော်ပြခြင်း၊ ဖန်တီးခြင်း၊ ရောင်းချ ခြင်း၊ လွှဲပြောင်းခြင်း၊ ချေးငှားခြင်း၊ ဘာသာပြန်ခြင်း၊ ပြောင်းလဲခြင်း၊ သွယ်ဝိုက်၍ အသုံးပြု ခြင်း စသည်တို့အား ခွင့်မပြုပါ။
(၃) အသုံးပြုသူက ဤဝန်ဆောင်မှုတွင် ပြုလုပ်ရေးသားခဲ့သော Review ၊ ပါဝင်သည့် အ ကြောင်းအရာသည် အခြားအဖွဲ့၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုင်ရာ အသိပညာ (မူပိုင်ခွင့်၊ မူပိုင် ခွင့်နှင့် ဆက်စပ်သည့် လုပ်ပိုင်ခွင့်၊ ဒီဇိုင်းမူပိုင်ခွင့်၊ လက်တွေ့ အသုံးပြုသည့် ပုံစံငယ် မူပိုင် ခွင့်၊ ကုန်ပစ္စည်းအမှတ်တံဆိပ်မူပိုင်ခွင့်၊ မှတ်ပုံတင်ပြီးထားသော မူပိုင်ခွင့်၊ နားလည် ကျွမ်းကျင်မှု စသည်တို့ ပါဝင်သော်လည်း ဒီအကြောင်းအရာများကိုသာ မကန့်သတ်၊ မသတ်မှတ်ထားပါ။) ကျော်ကြားမှု အခွင့်အရေး၊ ကိုယ်ပိုင်အခွင့်အရေးနှင့် အခြားသော လုပ် ပိုင်ခွင့် အခွင့်အရေးများအပေါ် ချိုးဖောက်ခြင်း မပြုရန် အာမခံပါသည်။
(၄) WSMY (သို့) အခြားအဖွဲ့မှ member ၏ Review ၊ အခြားဖော်ပြထားသော member နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသုံးပြု၍ ဖြစ်ပေါ်လာသော ထိခိုက်နစ်နာများ အား WSMY မှ လုံး၀ တာဝန်မယူပါ။
(၅) အသုံးပြုသူသည် ဤဝန်ဆောင်မှုတွင် ဖော်ပြထားသော အကြောင်းအရာကို အသုံးပြု၍ အကျိုးအမြတ် ရရှိပါက ၊ WSMY က အသုံးပြုသူထံမှ အကျိုးအမြတ်နှင့် ကိုက်ညီသော အခ ကြေးငွေအား ကောက်ခံခွင့်ရှိသည်။
စည်းမျဉ်း - ၈ (စွန့်လွှတ်ခြင်း)
yathar သည် အသုံးပြုသူ ကိုယ်တိုင် တာဝန်ယူစေခြင်းဖြင့် လုပ်ဆောင်လျက်ရှိသည်။ ထို့ ပြင် အောက်ပါအကြောင်းကိစ္စ တစ်ခုချင်းစီအားကြိုတင်နားလည် သဘောပေါက်ရန် လိုအပ်သည်။
(၁) စားသောက်ဆိုင်သတင်း အချက်အလက်များ၏ အာမခံချက်
YM သည် ဖော်ပြထားသော စားသောက်ဆိုင်၏ သတင်းအချက်အလက်များအား အာမခံမည် မဟုတ်။ ဘိုကင်လုပ်ချိန်၊ အော်ဒါလုပ်ချိန်နှင့် မသွားမီ အချိန်များတွင် လိပ်စာ၊ ဆိုင်ဖွင့် ချိန်၊ ပိတ်ရက်တို့အား ဖုန်းဆက်ခြင်း စသည်တို့ကို ပြုလုပ်၍ တိုက်ရိုက်ဆက်သွယ် အတည်ပြုရန် အကြံပေးပါသည်။ ထို့ပြင် ဖော်ပြထားသော စားသောက်ဆိုင်၏ သတင်း အချက်အလက်ပေါ် မူတည်၍ သုံးစွဲသူမှ ထိခိုက်ပျက်စီးမှု၊ အသုံးပြုသူများကြား ဖြစ်သော ပြဿနာစသည်တို့သည် YM နှင့် (လုံးဝ) မသက်ဆိုင်ပဲ လျော်ကြေး နစ်နာကြေး များ ပေးမည်မဟုတ်။
ဖော်ပြထားသော စားသောက်ဆိုင်၏ အချက်အလက်များ မမှန်ကန်ပါက ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
(၂) Review တွင် ပါဝင်သော အကြောင်းအရာ၏ အာမခံချက်
YM သည် ဖော်ပြရေးသားထားသော Review စသည်တို့၏ ပါဝင်သော အကြောင်းအရာ များနှင့် ပတ်သက်၍ အာမခံမည်မဟုတ်။ အသုံးပြုသူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ အသုံးပြုပါရန်။ ထို့ပြင် ဖော်ပြရေးသားထားသော Review များကြောင့်ဖြစ်သော ထိခိုက် နစ်နာမှု (အသုံးပြုသူက ပြုလုပ်ထားသော အမျိုးမျိုးသော အကြောင်းအရာများတွင် ကွန် ပျူတာ Virus ကိုက်ခံရခြင်း အပါအဝင်)နှင့် အသုံးပြုသူများကြားဖြစ်သော ပြဿနာများ သည် YM နှင့် လုံးဝမသက်ဆိုင်ပဲ လျော်ကြေးနစ်နာကြေးများ ပေးမည်မဟုတ်။
(၃) Link destination ၏ အာမခံချက်
YM သည် yathar မှ ချိတ်ဆက်ထားသော အခြားအဖွဲ့မှ ပြုလုပ်ထားသော Site နှင့် ပြင်ပ track back မှ ချိတ်ဆက်ထားသော Site များနှင့် ပတ်သက်၍ အာမခံမည်မဟုတ်။ အသုံးပြုသူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ အသုံးပြုပါရန်။ ထို့ပြင် link destination တွင် ဖြစ်ပေါ်သော ထိခိုက်နစ်နာမှုနှင့် အသုံးပြုသူများကြားဖြစ်သော ပြဿနာများသည် YM နှင့် လုံးဝမသက်ဆိုင်ပဲ လျှော်ကြေး၊ နစ်နာကြေးများ ပေးမည် မဟုတ်။
(၄) Review အား ပယ်ဖျက်ခြင်း
ဤဝန်ဆောင်မှုသည် အသုံးပြုသူမှ ကိုယ်တိုင်တာဝန်ယူ၍ တင်ထားသော အဖွဲ့အစည်း ဝန်ဆောင်မှု (Community service)ဖြစ်သော်လည်း အသုံးပြုသူများ အဆင်ပြေချောမွေ့ စွာ သုံးနိုင်ရန် အောက်ပါအကြောင်းအရာများနှင့် သက်ဆိုင်သော (သို့) သက်ဆိုင်သည်ဟု ယူဆရသော ရေးသားချက်၊ ဓါတ်ပုံနှင့် အခြားသော အကြောင်းအရာများအား တွေ့ရှိပါက ကြိုတင်အသိပေးခြင်းမရှိပဲ ရေးသားချက် (ထင်မြင်သုံးသပ်ချက်၊ အဖွဲ့အစည်းဝေဖန်ချက်) အား ပယ်ဖျက်နိုင်သည်။ (သို့သော် YM သည် တင်ပြရေးသားထားသော အကြောင်း အရာများအား စစ်ဆေးပယ်ဖျက်သော တာဝန်များအား တာဝန်ခံသူ မဟုတ်ပါ) ပယ်ဖျက် သင့်/မပယ်ဖျက်သင့်သည် YM ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။ ထို့အပြင် အောက် ဖော်ပြပါ အချက်များနှင့် ကိုက်ညီမှု မရှိပါက ဤဝန်ဆောင်မှု၏ စီမံခန့်ခွဲမှု လုပ်ဆောင်ချက် အတိုင်း ရေးသားချက်ကို ပယ်ဖျက်နိုင်ကြောင်း နားလည်သဘောပေါက် ရန် လိုအပ်သည်။
သို့သော်လည်း ချိတ်ဆက်ထားသော ပြင်ပဝန်ဆောင်မှုများတွင် ရေးသားတင်ပြထားသော ပြန်လည်ဆန်းစစ်ချက်အား အခြားအဖွဲ့က စီမံလုပ်ဆောင်သော ဝန်ဆောင်မှု၊ website တွင် ရေးသားထားခြင်းဖြစ်ပါက YM မှ ပယ်ဖျက်ခြင်း၊ အရေးယူခြင်းများအား မလုပ်ဆောင်ပါ။
(၁) အဆိုပါ စည်းမျဉ်းများအား ဆန့်ကျင်ခြင်း
(၂) အခြားသူများအား ထိခိုက်နစ်နာစေရန် ပြောဆိုခြင်း (တစ်ဦးချင်း၊ ဆိုင်အား ထိခိုက် နစ်နာစေခြင်း)
(၃) ကျန်းမာရေး စီမံခန့်ခွဲမှု ပြဿနာ၊ သက်ဆိုင်ရာ အာဏာပိုင်များအား ဆက်သွယ် ထားသော အကြောင်းအရာ
(၄) အကြောင်းအရာအား စစ်ဆေးအတည်ပြုရန် ခက်ခဲသည်ဟု ယူဆခြင်း (အခြေ အမြစ် မရှိသော အကြောင်းအရာ)
(၅) ဆိုင်အား ကိုယ်ရေးကိုယ်တာအရ ပြင်းထန်သော တောင်းဆိုချက်၊ ပြဿနာ၊ ငွေ ပေးချေခြင်းနှင့် ပတ်သက်သော အရာ
(၆) ဤဝန်ဆောင်မှု၏ အကျိုးသက်ရောက်မှု (သို့) ပြန်လည်သုံးသပ်ချက်နှင့် မသက် ဆိုင်သော အကြောင်းအရာ
(၇) အန္တရာယ်ရှိသော ပရိုပရမ်၊ Script စသည်တို့ ပါဝင်ခြင်း
(၈) အကျိုးအမြတ်ရရန် ရည်ရွယ်သော အကြောင်းအရာ၊ ကိုယ်ရေး ကိုယ်တာအရ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း ပါဝင်သော အကြောင်းအရာနှင့် ဝါဒ ဖြန့်ခြင်း လုပ်ရပ် များ
(၉) မိမိကိုယ်ကို သတ်သေခြင်း၊ ကိုင်တိုင်အနာတရဖြစ်စေသော အပြုအမူ၊ မူးယစ်ဆေး ဝါး သုံးစွဲခြင်းအား သွေးဆောင်ဖျားယောင်းခြင်း၊ အားပေးခြင်း စသော အရာများ ပါဝင်သည့် စကားလုံးများနှင့် အခြားသော ခံစားချက် အပြုအမူများ ပါဝင်ခြင်း
(၁၀) တိုင်းရင်းသား၊လူမျိုး၊ ကျား၊ မ၊ အသက် စသည့် ခွဲခြားဆက်ဆံခြင်းများနှင့် ဆက် စပ်သော အပြုအမူ
(၁၁) YM မှ ညစ်ညမ်းသည်ဟု ဆုံးဖြတ်သည့် အပြုအမူ
(၁၂) အကြမ်းဖက်၊ ပုံပျက်ပန်းပျက်ဖြစ်နေသော ဓါတ်ပုံ၊ အသုံးပြုသူအား သက်တောင့် သက်သာမရှိစေသောပုံ၊ စကားလုံးနှင့် အခြားသော အပြုအမူ
(၁၃) အခြားသော အများပြည်သူတို့၏ ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သော အချက်များ၊ စည်းမျဉ်း(၉)၏ တားမြစ်ထားသော လုပ်ရပ်နှင့် သက်ဆိုင်သော အချက်များ၊ ဤ ဝန်ဆောင်မှုအား နှောင့်ယှက်ခြင်း စသည့် အကြောင်းအရာများ၊ YM မှ မသင့် လျော်ဟု ဆုံးဖြတ်သတ်မှတ်ထားသော အရာ
(၅) ရှေ့တွင်ဖော်ပြထားသည့် အချက်များနှင့် ပတ်သက်၍ အသုံးပြုသူအား ဆိုးကျိုး၊ ထိခိုက်မှု တစုံတရာရှိခဲ့ပါက YM မှ တာဝန်မယူပါ။ ထို့အပြင် ရှေ့တွင် သတ်မှတ်ထား သည့် အတိုင်း YM မှ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ အား လုံး၀ လက်ခံ ဆောင်ရွက်ပေးခြင်း မပြုပါ။
(၆) ရှေ့တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ YM သည် ပယ်ဖျက်သင့်သည်ဟု ဆုံးဖြတ်သည့် Review အား အောက်ပါအတိုင်း စီမံဆောင်ရွက်နိုင်ပါသည်။ (သို့သော် YM မှ အောက်ပါစီမံဆောင်ရွက်ချက်များအတွက် တာဝန်ယူမည်မဟုတ်)
(၁) ရေးသားဖော်ပြထားသော အကြောင်းအရာ တစိတ်တပိုင်းအား ပြင်ဆင်ခြင်း။
(၂) ရေးသားဖော်ပြထားသော အကြောင်းအရာ အသုံးပြုခဲ့သူ (ပါဝင်ရေးသားသူ) အတွက် ဝန်ဆောင်မှုပေးခြင်းအား အချိန်အတိုင်းအတာ တစ်ခုအထိ ရပ်ဆိုင်းခြင်း။
(၃) ပါဝင်ရေးသားသူ၏ member မှတ်ပုံတင်အား ဖျက်သိမ်းခြင်း။
(၄) အခြားအသုံးပြုသူများအတွက် ဤဝန်ဆောင်မှုအား အဆင်ပြေစွာ အသုံးပြုနိုင်စေ ရန် ရေးသားဖော်ပြထားသော အကြောင်းအရာနှင့် ပါဝင်ရေးသားသူများ အဆင် ပြေသော နည်းလမ်းအတိုင်း ဖော်ထုတ်ခြင်း။
(၇) အသုံးပြုသူသည် ပါဝင်သော အကြောင်းအရာအား ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း (ဆိုင် မှ မိမိဆိုင်နှင့် သက်ဆိုင်သော အကြောင်းအရာအား ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း အပါ အဝင်)နှင့် ပတ်သက်၍ YM မှ အဆိုပါ ပယ်ဖျက်ရန် တောင်းဆိုခြင်းခံရသော အကြောင်း အရာအား မဖြစ်မနေ ပယ်ဖျက်ပေးမည်ဟု ကတိမပေးနိုင်ပါ။
(၈) ပြင်ပဝန်ဆောင်မှု
Member သည် YM နှင့် ချိတ်ဆက်ထားသော ပြင်ပဝန်ဆောင်မှု၏ အကြောင်းအရာ၊ အ သုံးပြုခြင်း ပြောင်းလဲမှုနှင့် member မှ ပြင်ပဝန်ဆောင်မှုအားလုံး (သို့) တစိတ်တပိုင်း အား အသုံးမပြုနိုင်ချိန်တွင် ဤဝန်ဆောင်မှုအားလုံး (သို့) တစိတ်တပိုင်းအားလည်း အသုံး မပြုနိုင်တော့မည်ဖြစ်ကြောင်း ကြိုတင်နားလည် သဘောပေါက်ပေးပါရန်။ YM သည် ပြင်ပ ဝန်ဆောင်မှုနှင့် ဆက်စပ်၍ member မှ ထိခိုက်နစ်နာမှုများအတွက် တာဝန်မယူပါ။
(၉) မြေပုံသတင်း အချက်အလက်
YM သည် တင်ပြထားသော စားသောက်ဆိုင် တည်နေရာ၏ မြေပုံသတင်း အချက်အ လက်များနှင့် ပတ်သက်၍ အာမခံမည်မဟုတ်။ မြေပုံသတင်းအချက်အလက်များသည် Google Inc. မှ တင်ပြထားပြီး၊ Google Inc. ၏ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုယ်ရေးအချက်အလက် ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒများအား လိုက်နာအသုံးပြုပါရန်။
(၁၀) ပျက်စီးဆုံးရှုံးမှု တာဝန်ယူခြင်း ကန့်သတ်ချက်
အသုံးပြုသူသည် အောက်ပါအချက်များနှင့် ပတ်သက်၍ YM မှ ပျက်စီးဆုံးရှုံးမှု တာဝန် ယူခြင်း မပြုကြောင်း လက်ခံသဘောတူပါသည်။
(၁) အသုံးပြုသူသည် ဤဝန်ဆောင်မှုအား အသုံးပြုခဲ့ခြင်း (သို့) အသုံးမပြုနိုင်ခဲ့ခြင်း
(၂) မမှန်မကန် ဝင်ရောက်ခြင်းနှင့် ပြင်ဆင်ခြင်း
(၃) ဤဝန်ဆောင်မှုအတွင်း အသုံးပြုသူ၏ အခြားလုပ်ဆောင်ချက်များ
(၄) အခြားအဖွဲ့အဖြစ် အယောင်ဆောင်ခြင်း
(၅) ဤဝန်ဆောင်မှုနှင့် ဆက်စပ်သော ကိစ္စ၏ အမှု၊ ထိခိုက်ပျက်စီးမှု (စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ အမြတ်ဆုံးရှုံးမှု၊ အခြားသော ငွေကြေးဆိုင်ရာဆုံးရှုံးမှု အပါအဝင် ဆိုးကျိုးအားလုံး)
ထို့အပြင် YM မှ ပျက်စီးဆုံးရှုံးမှု တာဝန်ယူခြင်းအား ပြုလုပ်ခြင်းနှင့် ပတ်သက်၍ YM မှ တမင်သက်သက် (သို့) ကြီးမားသော ပေါ့ဆမှု၊ အသုံးပြုသူမှ တိုက်ရိုက်၊ မှန်ကန်စွာ ကြုံ တွေ့ရသော ထိခိုက်နစ်နာမှုများအတွက်သာ ပျက်စီးဆုံးရှုံးမှု တာဝန်ယူခြင်းအား ပြုလုပ်ပြီး၊ အထူးအခြေအနေအရဖြစ်သော ပျက်စီးဆုံးရှုံးမှု (ပျက်စီးဆုံးရှုံးမှုအား ကြိုတင်ခန့်မှန်းခြင်း၊ ကြိုတင်သိမြင်ခြင်း အပါအဝင်)များနှင့် ပတ်သက်၍ တာဝန်ယူမည် မဟုတ်။
(၁၁) ဘိုကင်နှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်မှု မရှိခြင်း
အသုံးပြုသူသည် ဤဝန်ဆောင်မှုဖြင့် ဆိုင်အား ကြိုတင်ဘိုကင်ပြုလုပ်ထားသော်လည်း YM မှ အသုံးပြုသူနှင့် ဆိုင်အကြား လုပ်ဆောင်ချက်တွင် ပါဝင်ပတ်သက်မှု မရှိပါ။ YM သည် အသုံးပြုသူနှင့် ဆိုင်အကြား ပြဿနာတစုံတရာ ပေါ်ပေါက်ပါက တာဝန်ယူ ဖြေရှင်း ပေးမည် မဟုတ်။

ပယ်ဖျက်ခြင်း မူဝါဒ
yathar Pte Co., Ltd နှင့် yathar Myanmar Co.,Ltd သည် yathar တွင် delivery, take-out နှင့် table order အစရှိသော အစားအသောက်များနှင့်ပတ်သက်သော menu များကို ရောင်းချပေးနေသော အဖွဲ့အစည်းမဟုတ်ပါ။ သို့သော်လည်း yathar သည် yathar website တွင် စားသောက်ဆိုင်ပိုင်ရှင်များ၊ ကုန်သည်များအတွက် စတိုး platform တစ်ခုကို ဖန်တီးပေးသော ကုမ္မဏီအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အောက်ဖော်ပြပါအချက်များသည် မန်ဘာ၀င်ထားသောစားသောက်ဆိုင်ပိုင်ရှင်၊ကုန်သည်များအတွက်လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ
ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်ချင်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ကုန်ပစ္စည်း သို့၀န်ဆောင်မှု တစ်ခုချင်းစီကို ၀ယ်ယူနိုင်သော စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

ရောင်းစျေးနှင့် ၀န်ဆောင်မှုများနှင့် ပတ်သက်သော လျော်ကြေးငွေအကြောင်း
စျေးနှုန်းများကို ကုန်ပစ္စည်း သို့ ၀န်ဆောင်မှု တစ်ခုချင်းစီကို ၀ယ်ယူနိုင်သော စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

ငွေပေးချေမှုနှင့် ပတ်သက်သော ကြာချိန်နှင့် နည်းလမ်းများ
ကုန်ပစ္စည်း သို့ ၀န်ဆောင်မှု တစ်ခုချင်းစီ၏ ပို့ဆောင်မှု အပေါ်တွင်မူတည်ပြီး ငွေပေးချေရမည်ဖြစ်သည်။ ငွေပေးချေမှုနည်းလမ်းများသည် ကုန်ပစ္စည်း သို့ ၀န်ဆောင်မှု တစ်ခုချင်းစီကို ၀ယ်ယူနိုင်သော စာမျက်နှာတွင် ဖော်ပြထားသော နည်းလမ်းများဖြစ်သည်။

ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ ပို့ဆောင်မှုနှင့် ပတ်သက်သော ကြာချိန်
ကုန်ပစ္စည်း သို့ ၀န်ဆောင်မှု တစ်ခုချင်းစီကို ၀ယ်ယူနိုင်သော စာမျက်နှာတွင် ကြာချိန်များကို ‌ဖော်ပြထားပါသည်။

ပြန်ပို့ကုန်နှင့် ချို့ယွင်းနေသော ကုန်ပစ္စည်းများအကြောင်း
ကျွန်ုပ်တို့၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု သဘောသဘာ၀အားဖြင့် ကျွန်ုပ်တို့သည် ကုန်ပစ္စည်း ပြန်လည် လဲလှယ်ခြင်းကို လက်မခံပါ။အကယ်၍ ကုန်ပစ္စည်းသည် ချို့ယွင်းနေလျှင် သို့မဟုတ် တစ်စုံတစ်ခု မှားယွင်းနေလျှင် ကုန်ပစ္စည်းပို့ဆောင်သော ရက်အတွင်း ချက်ချင်းဆက်သွယ်ပေးပါ။( သို့သော် အစားအစာနှင့် ပတ်သက်လျှင် ၎င်းသည် ထုတ်ပိုးမှုကို မဖွင့်ခင် နှင့် သက်တမ်းမကုန်မီရက်အတွင်း ဖြစ်ရပါမည်။) ကျွန်ုပ်တို့သည် ၎င်းကုန်ပစ္စည်းကို ပြန်လည်ယူဆောင်ပြီး လဲလှယ်ခြင်း သို့ ငွေပြန်အမ်းခြင်းများ ပြုလုပ်ပေးပါမည်။ အကယ်၍ ကုန်ပစ္စည်းသည် ချို့ယွင်းနေခြင်း သို့ မှားယွင်းနေခြင်းများ ဖြစ်ပေါ်လာပါက ၎င်းပစ္စည်းကို ကျေးဇူးပြု၍ သိမ်းဆည်းထားပေးပါ။ အကယ်၍ သင်က ထိုပစ္စည်းကို မသိမ်းဆည်းထားပါက ၎င်းကို ပြန်၍ လဲလှယ်ပေးခြင်း သို့ ငွေပြန်အမ်းခြင်းများကို ပြုလုပ်မပေးနိုင်ပါ။

အခြားသော အချက်အလက်များ
သင် အော်ဒါမှာယူပြီးစီးသောအခါ yathar ဘက်မှပို့လိုက်သော email ကို အသုံးပြု၍ ကျွန်ုပ်တို့နှင့် ဆက်သွယ်နိုင်သည့်အပြင် သို့မဟုတ် contact form ကို အသုံးပြု၍လည်း ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့ yathar ဘက်မှလည်း email မှတဆင့် ပြန်လည် ဆက်သွယ်ပေးပါမည်။

Cashless payment ဖြင့်ငွေပေးချေသောအခါ သတိထားရမည့်အချက်များ
အကယ်၍ သင်သည် cashless ၀န်ဆောင်မှုကို အသုံးပြုလိုလျှင် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို ကျေးဇူးပြု၍ ဖတ်ပေးပါ။

Customer ၏ အမည်မပါ၀င်သော Credit card များကို ကျွန်ုပ်တို့ဘက်မှ လက်မခံပါ။

ကဒ်နံပါတ်၊ သက်တမ်းကုန်ဆုံးရက် နှင့် အမည် အစရှိသော Credit card နှင့် ပတ်သက်သော အချက်အလက်များကို 2C2P system မှတဆင့် ထုတ်ပေးမည်ဖြစ်ပါသည်။ ထို အချက်အလက်များကို company သို့မဟုတ် သင်အသုံးပြုသော စတိုး များမှ သိမ်းဆည်းထားမည်မဟုတ်ပါ။
Credit card နှင့် ပတ်သက်သော အချက်အလက်များကို encrypted လုပ်ပြီး SSL communication မှတဆင့် လွှဲပြောင်းပေးပါမည်။
အကယ်၍ အော်ဒါသည် အောင်မြင်စွာ ပြီးဆုံးခြင်းမရှိပါက, ၎င်း အော်ဒါသည် ‌နောက်နေ့တွင် အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
( ဥပမာ)
. သတ်မှတ်ထားသော အချိန်ကာလအတွင်း အတည်ပြုသောemail မှ URL ကို မနှိပ်မိသောအခါ
. အတည်ပြုသော email မှ URL ကို နှိပ်သောအခါ အလုပ်ချိန်ထက် ကျော်လွန်သွားသောအခါ
. တခြားသော ပြဿနာများကြောင့် သင့်၏ အော်ဒါများကို ပြီးဆုံးအောင် မလုပ်နိုင်သော အခါ နောက်နေ့တွင် ၎င်းအော်ဒါသည် အလိုအလျောက် ပျက်ပြယ်သွားပါမည်။

အကယ်၍ သင်သည် သင့် အော်ဒါနှင့် ပတ်သက်သော အကြောင်းအရာများကို ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်လိုပါက သင် အသုံးပြုနေသော စတိုး သို့မဟုတ် စားသောက်ဆိုင်သို့ ချက်ချင်း ဆက်သွယ်ပါ။

စည်းမျဉ်း - ၉ (တားမြစ်ခြင်း လုပ်ဆောင်ချက်)
(၁) YM သည် အသုံးပြုသူမှ ဤဝန်ဆောင်မှုအား အသုံးပြုချိန် အောက်ပါအချက်များနှင့် သက်ဆိုင်ခြင်း (သို့) သက်ဆိုင်သည်ဟု ယူဆရသော အပြုအမူများအား လုပ်ဆောင်ခြင်းမှ တားမြစ်သည်။ အသုံးပြုသူသည် အောက်ပါအချက်များအားချိုးဖောက်သည်ဟု YM မှ ဆုံးဖြတ်ချိန်တွင် အဆိုပါ အသုံးပြုသူအား (၁) ချိုးဖောက်ခြင်းအား ပြင်ဆင်ခြင်း၊ (၂) အချိန်အတိုင်းအတာ တစ်ခုအထိ ဤဝန်ဆောင်မှုအား အသုံးပြုမှု ရပ်ဆိုင်းခြင်း၊ (၃) member မှတ်ပုံတင်ခြင်းအား ပယ်ဖျက်ခြင်း၊ (၄) ချိုးဖောက်ခဲ့သော အကြောင်းအရာအား ဤဝန်ဆောင်မှု၏အတွင်း/အပြင်တွင် ထုတ်ဖော်ခြင်း တို့အား လုပ်ဆောင်နိုင်သည် (သို့သော် YM သည် အဆိုပါ တာဝန်များအား တာဝန်ယူခြင်းမဟုတ်) ဤစည်းမျဉ်းများ အတိုင်း ဆောင် ရွက်မှုကြောင့် အသုံးပြုသူမှ ဆုံးရှုံးခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ခဲ့ သော်လည်း YM မှ တာဝန်ယူမည်မဟုတ်။ ထို့ပြင် အဆိုပါ စည်းမျဉ်းများ၏ ပြဋ္ဌာန်းချက် အတိုင်း YM မှ ဆောင် ရွက်သော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများအား လုံး၀ လက်ခံဆောင်ရွက်ခြင်း မပြုပါ။
(၁) ဤသဘောတူညီမှု စာချုပ်အား ချိုးဖောက်ခြင်း။
(၂) ဥပဒေနှင့် ဤသဘောတူညီမှုအား လက်ခံသဘောတူထားခြင်းမှအပ yathar မှ ပေးပို့ထားသော သတင်းအချက်အလက်များအား YM ၏ ကြိုတင်သဘောတူညီ မှု မပါဘဲ ဖန်တီးခြင်း (သို့) အခြားသော နည်းလမ်းများဖြင့် ပြန်လည်ဖန်တီး အသုံး ပြုခြင်း၊ ပုံတူကူးခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း၊ ပြန်လည်ရောင်းချ ခြင်း (သို့) အဆိုပါရည်ရွယ်ချက်များဖြင့် သိမ်းဆည်းထားခြင်း။
(၃) YM မှ အသိအမှတ် မပြုထားသော အခြားအဖွဲ့များထံမှ ပိုက်ဆံအစရှိသည့် အခ ကြေးငွေများအား ယူရန်ရည်ရွယ်၍ ဆိုင်အချက်အလက်များအား တင်ပြ ရေးသား ခြင်း။
(၄) အကျိုးအမြတ်ကို ရည်ရွယ်၍ ကိုယ်ပိုင်ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း ပါဝင်သည့် အကြောင်းအရာ၊ ကြေငြာခြင်း၊ တောင်းခံခြင်း လုပ်ဆောင်ချက်။ (YM မှ သဘောတူညီမှု ရရှိထားချိန်မှအပ)
(၅) ဘာသာရေးလှုပ်ရှားမှု (တောင်းခံခြင်း လုပ်ဆောင်ချက်၊ တရားဟောခြင်း အပါအဝင်) ကို လုပ်ဆောင်ခြင်း (သို့) ထိုအကြောင်းအရာများနှင့် ဆက်နွယ်သည် ဟု YM မှ ဆုံးဖြတ်ခြင်း။
(၆) လူ့အဖွဲ့အစည်းနှင့် ဆန့်ကျင်နေခြင်း။
(၇) တရားမဝင် လှုပ်ရှားမှုများ၊ ပြစ်မှုဆိုင်ရာ လုပ်ရပ်များ၊ အန္တရာယ်ရှ