2019.12.04
Dinner within 2,500
3
Naga Traditional Food???
[{"id":7788,"from_user_id":null,"to_user_id":null,"shop_id":2765,"review_id":4436,"media_id":null,"fcm_id":null,"device_id":null,"news_id":null,"type_id":3,"body":"rice beer (Zutho)!!!","open":0,"status":1,"created_at":"2019-12-04T09:25:21.000000Z","updated_at":"2019-12-04T09:25:21.000000Z","to_user_name":null,"avatar":null}]
2019.09.17
Lunch 2,500-5,000
3
SAY မိတ်ဆွေတွေထဲမှာ ဓာတ်ဖမ်းချင်တဲ့သူတွေရှိလား 🕵️♀️📷🎥
ဒါဆို ၁၉ ရာစု ဒီဇိုင်းအပြင်အဆင်တွေနဲ့ ခမ်းနားလှပပြီး၊ အစားတစ်လိုင်း အနှစ်သာရကို အပြည့်အ၀ပေးစွမ်းနိုင်တဲ့ SAY ဆိုင်လေးတစ်ဆိုင်ကို ပြောပြပေးမယ်နော်။ 🥗🥗
ဆိုင်လေးကတော့ အစားချစ်သူတိုင်းရဲ့အသဲစွဲ SAY ကြက်ဆီထမင်းဆိုင်လေးဆိုရင် လူတိုင်းသိကြမှာပါ။ ဒီဆိုင်ကို အရင်က သံသုမာလမ်းမှာ ဖွင့်ခဲ့ပြီး အခုတော့
👉 SAY - No.23၊ အောင်ဇေယျ (6)လမ်းထိပ်၊ ရန်ကုန်သစ်ရပ်ကွက်(သုဝဏ္ဏ)၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။
အားလပ်ချိန် ချစ်သူနဲ့ ဒိတ်မလား၊ သူငယ်ချင်းတွေစုပြီး ၀ိုင်းဖွဲ့စကားပြောမလား၊ ဒါမှမဟုတ် တစ်ယောက်ထဲအေးဆေးနဲ့ ဖီးလ်မလား၊ SAY ဆိုင်လေးက နေရာကျယ်ဝန်းပြီး ဆိုင်ခန်းအပြင်အဆင်လှတော့ ဓာတ်ပုံလှလှရိုက်ချင်သူတွေ အတွက်လည်း တကယ့်ကို နေရာကောင်းတစ်ခုပါ။ 🤳💃🕺
ဆိုင်ထဲကိုဝင်လိုက်တာနဲ့ စိတ်ကိုလန်းဆန်းစေတဲ့ မြက်ခင်စိမ်း ၊ Lighting တွေနဲ့ နာဂရိုးရာဓလေ့အငွေ့အသက် Wall Art နွေးထွေးတဲ့ပတ်ဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးပေးထားတာက SAY ရဲ့ ထူးခြားချက်တစ်ခုပါ။ ✌✌
နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ရောင်စုံပန်းချီကားချပ်တွေကလည်း ဆလိုက်မီးရဲ့ပံ့ပိုးမှုအောက်မှာ လှပစွာအသက်ဝင်လျက်ရှိပြီး လာရောက်သူတိုင်းရဲ့စိတ်ကို ညှို့ယူဖမ်းစားထားပါတယ်။ 🏝🏔
မျက်နှာကျက်ကိုတော့ ဓနိမိုးပြုလုပ်ထားလို့ ဒီဇိုင်းဆန်းပြီး၊ လွတ်လပ်တဲ့ အရသာကို ရရှိစေမှာပါ။ နောက်ပြီး အ၀ါရောင်မီးသီးလေးတွေ တွဲလောင်းကျ ချိတ်ဆွဲအလှဆင်ထားပုံက ညဥ့်ကောင်းကင်ယံမှာ လင်းလက်နေတဲ့ ကြယ်လေးတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ ✨✨
ဒီထက်ပိုပြီး လွတ်လပ်တာကြိုက်တဲ့သူတွေအတွက် ဆေးလိပ်သောက်တတ်တဲ့ ဘရိုတွေအတွက်လည်း အပြင်မှာ စိတ်တိုင်းကျသောက်လို့ရတော့ အဆင်ပြေပါတယ်။ 🚬🚬
အစားအသောက်လည်း ဈေးနှုန်သင့်တင့်ပြီး၊ ကြားရက်တွေဆို အေးအေးဆေး အရမ်းထိုင်လို့ကောင်းပါတယ်။ အပူအအေးကော်ဖီအစုံရနိုင်ပြီး ယိုးဒယားအစားအစာ၊ တရုတ်အစားအစာတွေလည်းရနိုင်ပါတယ်။ ဒုတ်ထိုး Hot Pot၊ Sushi နဲ့ Malay Chicken Rice တွေကတော့ ဒီဆိုင်ရဲ့ အဓိကဟင်းလျာလေးတွေပါ။ 😋🤤
ဒါတင်မကသေးပါဘူး.. Naga Juice နာဂရိုးရာခေါင်ရည်စစ်စစ်လည်း ရနိုင်တာမို့ သောက်တတ်တဲ့ သူငယ်ချင်းတွေခေါ်လာရင်လည်း အဆင်ပြေပါတယ်။ Drink တွေကို Bottle လိုက်ရောင်းချပေးပြီး By Glass လည်းရောင်းချပေးပါတယ်။ 🍾🍷
အေးအေးဆေးဆေး သယ်ရင်းတွေ မိသားစုတွေစုံနိုင်ပြီး၊ Catering၊ Events အခမ်းအနားတွေအတွက်လည်း နေရာကျယ်ဝန်းတာကြောင့် စိတ်တိုင်းကျ လိုချင်တဲ့နေရာထိုင်ခင်းပုံစံ ဖန်တီးပေးနိုင်တာကြောင့် SAY နဲ့ဆို အရာအားလုံး အဆင်ပြေတယ်လေ။ 👨👩👧👧👯♂️👨🍳
======================
🏡🏕 SAY - No.23၊ အောင်ဇေယျ (6)လမ်းထိပ်၊ ရန်ကုန်သစ်ရပ်ကွက်(သုဝဏ္ဏ)၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
☎09-781814092
☎09-402305915
☎09-442075441

[{"id":7783,"from_user_id":null,"to_user_id":null,"shop_id":2765,"review_id":4252,"media_id":null,"fcm_id":null,"device_id":null,"news_id":null,"type_id":3,"body":"Excellent","open":0,"status":1,"created_at":"2019-12-04T09:21:54.000000Z","updated_at":"2019-12-04T09:21:54.000000Z","to_user_name":null,"avatar":null}]